သတင်းများ

ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားမြို့ အခြေခံပညာကျောင်းများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ ယနေ့နံနက်ပိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ ၂၀၂၄ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက အောင်လံမြို့ ဒုရင်္ဂဗိုလ် ညောင်ပင်ဆိပ်သွား လမ်းဘေးဝဲယာအနီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မြင့်တက်မှုကြောင့် စာသင်ကျောင်း (၁၀) ကျောင်း ယာယီပိတ်ထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက် မြင့်တက်မှုကြောင့် အခြေခံပညာကျောင်း (၁၀) ကျောင်း မြစ်ရေဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းမှစပြီး ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာအုပ်/ စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် အ.လ.က(ခွဲ)စျေးတန်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ နေ့ကြီးရက်ကြီးများမမေ့အပ်စေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အလယ်တန်းအဆင့် စာစီစာကုံးနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ဇူလိုင်လ(၁၁)ရက်နေ့က ကျင်းပခဲ့ရာ ယနေ့နံနက် ၉ နာရီက ဟောပြောပွဲနှင့် ဆုပေးပွဲကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့၌ အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Jul 15,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံစားကုန်၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ပြတ်လပ်မှု ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြို့မစျေးနှင့် မြို့ပေါ်ကုန်စုံဆိုင်များ၌ ကွင်းဆင်းစစ်ဆေးသည်။