တံတား ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ ယနေ့နံနက်ပိုင်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှုး ဦးရန်အောင်မျိုးထက် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသက်ဦးစီးဌာမှဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်း၍ ကျောင်းများအတွင်းရှိ ရေတွင်းရေကန်များအားက လိုရင်းဆေးခတ်ခြင်း၊ ကျောင်းအိမ်သာအနီးပတ်ဝန်းကျင်များအား ကလိုရင်းဆေးဖျန်းခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သောHand Wash၊ Hand Spray၊ Aqua tabs ဆေးပြားများအား ကျောင်းအုပ်ဆရာမကြီးတို့ ထံထောက်ပံ့ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း အသိပညာပေးယောပြောခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် လက္ခဏာတွေ့ရှိပါက နေအိမ်၌ ကုသခြင်းမပြုရန်နှင့် ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများနှင့်ဆက်သွယ်၍ အမြန်ဆုံးကုသမှုခံယူကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် သန့်ရှင်းလတ်ဆတ်မှုမရှိသည့် လမ်းဘေးအစားအသောက်များ ဝယ်ယူစားသုံးခြင်း မပြုလုပ်ကြရန် အသိပေးမှာကြားခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)