အောင်လံမြို့၌ ၂၀၂၄ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အောင်လံ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက အောင်လံမြို့ ဒုရင်္ဂဗိုလ် ညောင်ပင်ဆိပ်သွား လမ်းဘေးဝဲယာအနီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိမ်းစိုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ တမာ (၁၀၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)