ဆင်ပေါင်ဝဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်မှု ရှိ/မရှိတို့အား ယမန်နေ့ နံနက်ပိုင်းအချိန်က ကျေးရွာများအရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ မြစ်ရေဝင်ရောက်မှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းလိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဘေးလွှတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေရာစီစဥ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)