ဖျာပုံမြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဖျာပုံ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ၊ ဆန်ဂိုဒေါင်များတွင် လက်ကျန်ဆန်စာရင်း ကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး၊ စားသုံးသူများ သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရေး၊ ဆန်တန် (၅၀)အထက်ရှိသော ဆန်ဂိုဒေါင်များအား မှတ်ပုံတင်ကြရန်နှင့် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များအား မြို့နယ်စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်း စျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများ ကစျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးကြရာ ဖျာပုံမြို့နယ်အနေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြစ်သော ပေါ်ဆန်းဆန်(၁)ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန်၊ အရောင်းအဝယ်မှန်၊ အရည်းအသွေးမှန်၊ အချိန်တွယ်မှန်ကန်မှုရှိ/မရှိ စျေးကွက်အတွင်း ရောင်းချပေးနေခြင်းကို လိုက်လံစစ်ဆေးခြင်းနှင့် ဆန်အရောင်းဆိုင်များ၊ ဆန်ဂိုဒေါင်များတွင် လက်ကျန်ဆန်စာရင်းကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး၊ စားသုံးသူများ သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရေး၊ ဆန်တန် (၅၀)အထက်ရှိသော ဆန်ဂိုဒေါင်များအား မှတ်ပုံကြရန် စျေးကွက်စောင့်ကြည့်လိုက်လံ စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)