ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၄
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရှင်းလင်းခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်းစာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူးဦးခင်ဆွေက သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများစာရင်းစစ်/ စာရင်းကောက်ဝန်ထမ်းတာဝန်ပေးအပ်နိုင်ရေးကိစ္စများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက မိမိသိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်သန်းခေါင်းစာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူးဦးခင်ဆွေကပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)