ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၌ မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၂၁) ရပ်ကွက် သိမ်ချောင်းလမ်း ဝါးတရာစက်မှုဇုန်ရှိ ပိုင်ရှင်ဦးလှကို (ဘ) ဦးထွန်ယဉ်ပိုင်ဆိုင်သော မြေအကွက်အမှတ် (၃၇၀) မြေတိုင်း (၄၉) မွမွလေးကြော်စုံစက်ရုံ၌ ယ‌နေ့နံနက် (၀၇:၁၅) အချိန်တွင် စားသုံးဆီကန် (၂) ကန်အား ထင်မီးဖြင့် အပူပေးနေစဉ် မီးတောက်များ၍ ဆီကန်အတွင်းရှိဆီများအား မီးကူစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် (၅) စီးရေသယ်ယာဉ် (၃) စီး သန္ဓေမီးသတ် (၄၉) ဦး၊ အရန်မီးသတ် (၂၅) ဦးတို့ဖြင့် ငြှိမ်းသတ်ရာ (၀၇:၃၅) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ၃၀×၁၂၀‌ပေ Steel Structure အဆောက်အဦးအတွင်းရှိ စားအုန်းဆီ (၁) ပီပါတန်ဖိုး (၇၀၀၀၀၀) ကျပ်နှင့် ကုန်ကြမ်းပြောင်းဖူးအိတ် (၃) အိတ်တန်ဖိုး (၁၀၀၀၀၀) ကျပ် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀၀) ကျပ်ဆုံးရှုံးခဲ့ပြီး စက်ရုံမန်နေဂျာ ဦးမင်းဇော် (ဘ) ဦးမောင်အောင်အား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)