မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး ​အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်များ ပြသ

မိုင်းဖြတ် ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲများ ပြသခြင်းကို မူလွန်(ကွက်သစ်)၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ​ကျောင်းသား၊ ​ကျောင်းသူများအ​နေဖြင့် ​ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာ​ပေများကို ​လေ့လာဖတ်ရှုနိုင်ရေး၊ စာဖတ်သူသည် လူ့အများကြား စကား​ပြောဆိုရာတွင် ရဲဝံ့စွာ​ပြောဆိုနိုင်​ကြောင်း၊ စာ​ပေမြင့်မှလူမျိုးတင့်သည် ဆိုသည့်အတိုင်း ​နေ့စဉ်အားလပ်ချိန်များတွင် ​ကျောင်းစာကြည့်တိုက် (သို့မဟုတ်)​ ကျေးရွာစာကြည့်တိုက်များတွင် စာ​ပေများလေ့လာဖတ်ရှုနိုင်​ရေးနှင့်စပ်လျဥ်း၍ ပညာ​ပေး​ပြောကြားခဲ့သည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် ​မူးယစ်​ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း​ရေး နံရံကပ်စာ​စောင်များနှင့် သုတ၊ ရသ စာအုပ်ပြပွဲများကို ​ခင်းကျင်းပြသခဲ့ရာ  ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)