သတင်းများ

ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေ မြင့်တက်လာခြင်းကြောင့် လယ်ယာမြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိ
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေမြင့်တက်လာခြင်း‌ကြောင့် ဇူလိုင်လ ၃၀ ရက်နေ့အထိ လယ်ယာ မြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်
Jul 30,2024
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ကျောင်းသားလူငယ်များ ဒေသန္တရ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့
Jul 30,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့က တက်ဆွဲကျေးရွာနှင့် မှက္ကဒန်ကျေးရွာရှိ လူနေအိမ်(၇)လုံးမျောပါသွားမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ထောက်ပံငွေပေးအပ်ခြင်းကို မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့သည်။
အထက်ပိုင်ကျုံလမ်းမပေါ်၌ နုန်းမြေတင်ကျန်ခဲ့သည့် နေရာများအား  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် နုန်းမြေတင်ကျန်ခဲ့သည့် ပိုင်ကျုံမြို့ အမှတ်(၅) ရပ်ကွက် (အထက်ပိုင်ကျုံ)လမ်းအား မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်သူ/သားများ စုပေါင်းကာ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၅၀) ယာယီပိတ်ထားရ
Jul 30,2024
ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၀) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် တစ်ရက်အတွင်း ဧရာဝတီမြစ်ရေ ၂ စင်တီမီတာခန့် ပြောင်းလဲမြင့်တက်လာ
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအောက် ၃၄ စင်တီမီတာရှိသော်လည်း တစ်ရက်အတွင်း ၂ စင်တီမီတာခန့် ပြောင်းလဲမြင့်တက်လာကြောင်း သိရသည်။