သာပေါင်း ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူတို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေး သဲအိတ်ထည့်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က ငဝန်မြစ်တာတမံ တောင့်တင်းကြံ့ခိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာနေပြည်သူတို့က ရှမ်းကွင်းစခန်း၊ ငဝန်မြစ်တာတမံ(၇၂)မိုင်နှင့် လိန်ကုန်းစခန်းအမှတ်(၄) ငဝန်မြစ်တာတမံ(၇၄)မိုင် နေရာတို့တွင် သဲအိတ်ထည့်ရန် သဲစုပ်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)