အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)၌ Online Game, Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကျောက်ပန်းတောင်း ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ Online Game , Online ငွေကြေးလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ Online Game , Online ငွေကြေးလိမ် လည်မှုနှင့် မူးယစ်ဆေးဝါး ဆိုင်ရာ အကြောင်းအရာများကို ကျောက်ပန်းတောင်း မြို့မရဲစခန်း၊ စခန်းမှူး ဒုတိယရဲမှူး အောင်ကျော်ထွန်းက အသိပညာပေး ဟောပြောရာတွင် လတ်တလော လူမှုကွန်ရက်ကို အသုံးပြု၍ ဖြစ်ပေါ်လာသည့် Online Game , Online ငွေကြေးလိမ်လည်မှုများ များပြားလာကြောင်းနှင့် ၎င်းတို့မှ ဆက်သွယ်လာသည့် နည်းလမ်းများ၊ ကြိုတင်သိတိထားရှောင်ရှာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး မြန်မာနိုင်ငံကို ရောက်ရှိလာပုံ သမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါး၏ သဘောသဘာဝ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး  ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ကို မေးမြန်း ကြရာ ဒုတိယရဲမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စာပေဌာနမှူး ဒေါ်မြင့်မြင့်သက်က ကျေးဇူးတင်စကား ပြောကြားပြီး၊ ဒုတိယရဲမှူးအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဒုတိယရဲမှူး အောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများ၊ ဒုတိယ ကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ပထမနှစ်မှ တတိယနှစ်အထိ မေဂျာစုံမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၅၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)