အုတ်ဖိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအားထောက်ပံ့

အုတ်ဖို ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့က တက်ဆွဲကျေးရွာနှင့် မှက္ကဒန်ကျေးရွာရှိ လူနေအိမ်(၇)လုံးမျောပါသွားမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရေဘေးသင့်၍မျောပါခဲ့သည့် နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၇)စုရှိ လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇၈၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၃၇၈၀၀)ကျပ်နှင့် မျောပါလူနေအိမ်(၇)လုံးရှိ အိမ်ထောင်စု(၇)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၇)ပုံးနှင့် စက္ကူကတ္ထူပုံး(၇)ပုံးတို့ကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)