သတင်းများ

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ်တွင် ရေဘေးရွှေ့ပြောင်းတိရစ္ဆာန်များအတွက် နွားစာများထောက်ပံ့
Jul 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စုနှင့် ရေနံ့သာ ကျေးရွာအုပ်စုရှိ ပုသိမ်-မုံရွာ ကားလမ်းဘေး ဝဲ၊ ယာတွင် တိရစ္ဆာန်များ ရေဘေးပြောင်းရွှေ့မှုတို့အပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ ကျုံပျော် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာထွန်းမင်းနှင့်အဖွဲ့သည် နွားစာ (50Kg)အိတ် ၂၀ အား တိရစ္ဆာန်ပိုင်ရှင်များထံသို့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းများခေတ္တပိတ်ထားရ
Jul 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုနှင့် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆) ကျောင်းကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ ခေတ္တပိတ်ထားရသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံများနှင့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး (မျိုးစေ့နှင့် သွင်းအားစု) များ (အခမဲ့) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 31,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ်၊ မိုးစပါး၊ ဆီထွက်သီးနှံများနှင့်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့် သွင်းအားစုများ (အခမဲ့) ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၉) ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျန်းမာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jul 31,2024
ကျန်းမာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်း၊ နယ်မြေခံတပ်နယ်မှ တပ်မတော် ဆေးအရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပန်းတနော်မြို့နယ်၌ မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း (၉၇)ကျောင်း ယာယီပိတ်ထားရ
Jul 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၉၇) ကျောင်းကို ဇူလိုင် (၁၈) ရက်နေ့မှစတင်၍ ယနေ့အထိ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Jul 31,2024
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၃၂) ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၁၅၂) ဦးအား ယမန်နေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 31,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။