ပိုင်ကျုံ ဇူလိုင် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် နုန်းမြေတင်ကျန်ခဲ့သည့် ပိုင်ကျုံမြို့ အမှတ်(၅) ရပ်ကွက် (အထက်ပိုင်ကျုံ)လမ်းအား မြို့အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်သူ/သားများ စုပေါင်းကာ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်သူ/သားများ ပူးပေါင်းကာ နုန်းမြေတင်ကျန်ခဲ့သည့် နေရာများ၌ အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆပ်ကော်မတီများဖွဲ့စည်းပြီး သဘာဝဘေးနှင့် ပတ်သက်သည့် ထူးခြား ဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်နိုင်ရေးအတွက် မြို့အဆင့် ဌာနဆိုင်ရာများတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)