ကြို့ပင်ကောက် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေမြင့်တက်လာခြင်းကြောင့် ဇူလိုင်လ ၃၀ ရက်နေ့အထိ လယ်ယာ မြေ ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ မြစ်မခမြစ်ရေမြင့်တက်လာမှုကြာင့် မိုးစပါးလယ်ယာမြေများ စတင်ရေနစ်မြုပ်ခဲ့ရာ ယနေ့အထိ မိုးစပါး ၁၆၅၂၄ ဧကနှင့် မိုးနှမ်း ၁၈၇၃ ဧက စုစုပေါင်း ၁၈၃၉၇ ဧက ရေနစ်မြုပ်လျက်ရှိကြောင်း ရေပြန်လည်ကျဆင်းသွားခြင်းမရှိသေးသောကြာင့် ပျက်စီးသောလယ်မြေဧကစာရင်းအတိအကျ မသိရှိရသေးကြောင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မိုးစပါး ၈၆၈၂၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေကြီးနစ်မြုပ်၍ ပျက်စီးသွားသောတောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခဲ့စဉ်က လယ်ယာမြေ အာမခံကြေး ငွေကျပ် ၃၀၀၀ ပေးသွင်းထားသာ တောင်သူများအနဖြင့် လယ်ယာမြေပျက်စီးမှု အာမခံကြေးတစ်ဧကလျှင် ၃၀၀၀၀ ကျပ်အား ပြန်လည်ရရှိသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)