တနင်္သာရီမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆန်ဖိုးငွေ၊ ကြက်ဥများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်
Jul 31,2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေ အမှတ်ဖြစ်သည့် (၂၄) ပေထက် ကျော်လွန်၍ မြစ်ရေများ အဆက်မပြတ် တိုးနေသဖြင့် ဇူလိုင်လ ၂၅ ရက်မှစပြီး ယာယီကယ်ဆယ်ရေးစခန်းသုံးခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု (၁၁၀)စုတို့မှ လူဦးရေ(၅၂၇)ဦးတို့အား တစ်ဦးလျှင် တစ်ရက်စာအဖြစ် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ အတွက် စုစုပေါင်း (၃၉,၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၂၂)ပြည်ဆံ့ (၄၁)အိတ်နှင့် (၁၈)ပြည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားပေးကြောင်း သိရသည်။