ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Aug 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃) ရပ်ကွက်၊ စက်မှုဇုန် (၁) ရှိ စက်မှုဇုန်လမ်းနှင့် ပုသိမ်လမ်းထောင့် Sky Holding Co;Ltd အလှကုန်ပစ္စည်းသိုလှောင်ရုံ၌ ယမန်နေ့နံနက် ၉ နာရီ ၄၂ မိနစ်အချိန်က ထပ်ခိုးပေါ်တွင် သွယ်တန်းထားသော လုံခြုံရေးမီးထွန်းသည့်မီးလုံးမှ အပူလွန်ကဲပြုတ်ကျကာ အောက်တွင်ရှိသော တစ်သျှူးပလတ်စတစ်ပါကင်ထုပ် ကတ်ထူစက္ကူပုံးများပေါ်သို့ကျရာမှ မီးကူးစက်လောင်ကျွမ်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။