ညောင်ရွှေ ဩဂုတ် ၅
(၂၅)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (မြို့နယ်အဆင့်) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်းစွာလင်းက အမှာစကားပြောကြားပြီး ထပ်အိမ်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ အမျိုးသားဆိုင်းအဖွဲ့က တင်ဆက်ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်းများနှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ