စလင်းမြို့နယ်၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ရွှေစေတီမိုးကုတ်ရိပ်သာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင်ဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီး

စလင်း  သြဂုတ်  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် ရွှေစေတီမိုးကုတ်ရိပ်သာလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ရန်ပုံငွေဖြင့် မြေသားလမ်းကျောက်စရစ်လမ်းမှသည် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရာ စလင်းမြို့ မြင်တင်ရပ်ကွက် ရွှေစေတီမိုးကုတ်ရိပ်သာလမ်းအား မြေသားလမ်းကျောက်စရစ်လမ်းမှသည်  ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ရန် ၂၀၂၄-၂၀၂၅ ခုနှစ် ဇူလိုင်တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ လမ်းအရှည် (၄၉၈)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မတို့ဖြင့်  ကာလတန်ဖိုးငွေကျပ် (၂၂.၅၅)ကျပ်သန်း  အကုန်အကျခံဆောင်ရွက်နေမှုများအား  ရေရှည်တည်တံ့ခိုင်မြဲစေရန်ဆောင်ရွက်နေမှုများကို  အမှုဆောင်အရာရှိနှင့် မြို့ပြအင်ဂျင်နီယာတို့မှ အမြဲမပြတ် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ  သိရသည်။

(မောင်လွင်)စလင်း