ရွှေဘို သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့မြို့ရှေးဟောင်းသမိုင်းဝင် မော်ဓေါမြင်သာ မြို့ထောင့် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူခြင်းအောင်ပွဲအနေကဇာ တင်ခြင်း နှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန် အဆိုပါစေတီတော်ရှိ ဓမ္မာရုံတွင်ကျင်းပရာ သံဃာတော်အရှင်သူ မြတ်များမှစေတီတော်မြတ်ကြီးအား အနေကဇာတင် လှူပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးရွှေဘိုမြို့နယ် သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ဘဒ္ဒန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝိဿုတထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ အမှတ်(၅)စစ် အုပ်ချုပ်ရေး နယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့်ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင်တွဲဖက် အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသလင်္ကာရာသီဝံသမှ အနုမောဒနာတရားတော် ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက်ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွား သရဇ္ဇျယ်ခြင်း များပြုလုပ်ပေးခဲ့ပြီး"ဗုဒ္ဓသာသနံ စိရံတိဠတု"သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့ပြီး ရွှေမိုငွေမိုးရွာသွန်းဖြိုးခဲ့ ကြောင်းသိရသည်။ ရွှေဘိုခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ရွှေဘိုတပ်နယ်မှူးနှင့် အရာရှိစစ်သည်မိသားစုဝင်များ၊ မြို့မိမြို့ဖနှင့် စေတနာရှင် အလှူရှင်များ၏စုစုပေါင်း လှူဒါန်းငွေကျပ်(၅၄,၀၀၀,၀၀၀ိ/) သိန်းငါးရာ့လေးဆယ် ပါဝင်လှူဒါန်း နိုင်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်