ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်

ကျွန်းလှ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား‌နေသော ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို သက်ဆိုင်ရာ စာသင်ကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မူလတန်းကျောင်းသား၊ ကျောင်းသူများအား  ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ တစ်ကိုယ်ရေကျန်းမာရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး  ဗီတာမင်အေဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် စနစ်တကျ တိုက်ကျွေးကြသည်။

ထို့နောက် KG တန်း ကျောင်းသား၊ ကျောင်းသူများအတွက် သွားတိုက်ဆေးနှင့် သွားတိုက်တံများ ပေးအပ်ပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေဆေး တိုက်ကျွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)