မြစ်သား သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၉၀)ကြိမ်မြောက်ပညာရေးမိသားစု ပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၁)ဦးနှင့် နာရေးထောက်ပံ့ပညာရေးဝန်ထမ်း ၂ ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထောက်ပံ့ငွေပေးအပ်ရာတွင် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ မြို့နယ်ပညာရေးမှူးဒေါ်ပြုံးကြည်မှ မုဒိတာစကားပြောကြားခဲ့ပြီး ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းဝင်(၁၂၁၄)ဦးတို့မှ အ.မ.ကကျောင်းမှဆရာမကြီး ဒေါ်ညိုညို၊ အ.မ.ကကျောင်းမှ ဆရာမကြီး ဒေါ်ခိုင်ဇာလင်းနှင့် အ.ထ.ကခွဲကျောင်းမှ ဦးသန့်ဇင်ထွန်းတို့အတွက် တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် (၁၈၉၀ ၀၀၀/-)ဖြစ်ပြီး စုစုပေါင်း(၃)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၅၆၇၀၀၀၀ိ/-)အား တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းကို (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှစတင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အငြိမ်း စားဆရာ၊ ဆရာမကြီးများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးမိသားစုပင်စင်/ နာရေးထောက်ပံ့မှုအသင်းမှ အသင်းဝင်ငါးဆူ ကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)