သတင်းများ

မက်မန်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခါင်စာရင်းကောက်ကြစို့ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မက်မန်းမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပိုစတာများ လိုက်လံကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဩဂုတ်လ (၁၀) ရက်နေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့ပေါ်ရှိရပ်ကွက်များတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းစေရန်၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ပြုလုပ်ကြောင်း သိရသည်။
မန်ကန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate)ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့်လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/ တံတား ပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှုပံ့ပိုးဆောင်ရွက်
Aug 12,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့် လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/တံတားပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အပိုဝင်ငွေရရှိ
Aug 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံစိုက်ပျိုး​ကြ​ရာ ရွှေဖရုံသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက်တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလ ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံခရိုင် လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပခဲ့သည်။