သတင်းများ

ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အရန်မီးသတ်တပ်ဖွဲ့(ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်
Aug 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ (ပုလဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန်အတွက် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
Aug 12,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်
Aug 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၈) စက်မှုလယ်ယာစခန်း၏ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မစိုးရိမ်ကျေးရွာအုပ်စု၊ မစိုးရိမ်ကျေးရွာ ကွင်းအမှတ်-၇၂၃(A) မတောင့်တကွင်း တောင်သူဦးမိုးမင်း၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပ
Aug 12,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ(၄)နာရီအထိ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day) အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းအစီအစဥ်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲ အခမ်းအနားကျင်းပ
Aug 12,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ သီတဂူတပ်အလယ်ကျောင်းတွင် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် စာအောင်သံဃာများအား ဂုဏ်ပြုဆုနှင်းသဘင်နှင့် ဌာနပေါင်းစုံ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သီတဂူသဒ္ဓမ္မဇောတိကကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လဟယ်မြို့ ပန်းချီ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Aug 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဩဂုတ်လ(၉)ရက်နေ့ နံနက်(၁၁)နာရီအချိန် ကျင်းပပြုလုပ်ပါသည်။
ကျွန်းစုမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန် နေ့ နေ့လယ်ပိုင်းက အမှတ် ၁ ရပ်ကွက် ရှိ အလင်းရောင် စာကြည့်တိုက်၌ ကျင်းပခဲ့သည်။