သတင်းများ

မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကွင်းဆင်းဆောင်ရွက်
Aug 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က သပြေစမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်
Aug 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က )ကော့ကရင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးကွင်းဆင်းစစ်ဆေး
Aug 09,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေးကွင်းဆင်းစစ်ဆေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Aug 09,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပခဲ့သည်။
ကျိုက်မရောမြို့ အ.ထ.ကကျောင်း၌ ကျောင်းသား၊ ကျောင်းသူများစာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော
Aug 09,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ စာဖတ်ရှိနမြှင့်တင်ရေး၊ လူငယ်ရေးရာပညာပေးနှင့် ဥပဒေပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်  ၁၀ နာရီက အ.ထ.ကကျိုက်မရော(ပညာအားမာန်)ခန်းမ၌  ဆောင်ရွက်ခဲ့သည်။
ထားဝယ်မြို့တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 09,2024
နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါး တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး 
Aug 09,2024
အဏ္ဏဝါညစ်ညမ်းမှုလျှော့ချရေး၊ ကမ်းရိုးတန်းသယံဇာတများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မွန်ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းသန့်ရှင်းသာယာ လှပမှုရှိစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက် ခြုံနွယ်များ၊ မြက်ပင်များ၊ စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်သူ ပြည်သူများတို့က ဒီရေတက်ချိန် သံလွင်မြစ်အတွင်း မျောပါနေသော စွန့်ပစ်အမှိုက်များအား စုပေါင်းဆယ်ယူရှင်း လင်းခြင်းဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။ 
မုဒုံမြို့၌ မိုးစပါးစိုက်ဧက ၇၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Aug 09,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၅၁၉၆ ဧက စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၇၂၀၀၉ ဧက စိုက်ပျိုးပြီစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။