ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့်လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/ တံတား ပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှုပံ့ပိုးဆောင်ရွက်

သာယာဝတီ ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအနက် ပြန်ပေါ်သည့် လယ်မြေများတွင် မိုးစပါးပြန်လည်စိုက်ပျိုးနေမှုနှင့် လမ်း/တံတားပျက်စီးမှုတို့အား ကွင်းဆင်းကြည့်ရှု ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ကျွဲသတ်ကြီးကျေးရွာအုပ်စုရှိတို့၌ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ခဲ့သည့် မိုးစပါးစိုက်ဧကများအား သက်တမ်းတူ၊ မျိုးတူစပါးမျိုးမှသားတက်ပွားယူ၍ ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြစ်ရေမြင့်တက်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းမည့် သတင်းထုတ်ပြန်ချက်များအပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ကုစားပေးနိုင်ရေးအတွက် ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်းများ ပြင်ဆင်ထားရှိခြင်း၊ မျိုးစပါးများ ကြိုတင်စုဆောင်းခြင်းများကို ဆောင်ရွက်ထားရှိပြီး၍ ဒေသခံတောင်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ကျွဲသတ်ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်ခဲ့မှုတို့ကြောင့် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပေါ်၌ ရေကျော်ခဲ့သည့် လမ်းမိုင်(/) မှ (/) အကြား၊ (/)မှ (/)အကြား ရေစားကျောက်ဖြစ်ပေါ်ခဲ့မှုအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပုခုံးသားအဖြစ် ဂဝံကျောက်များ ထည့်သွင်းသွားရန်နှင့်လမ်းပုခုံးမြေသား လျောချသည့်နေရာများအတွင်း ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းစေရေး သတိပေးအမှတ်အသားများ ထားရှိသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပေါ်ရှိ တံတားအမှတ် (/) (/)နှင့် (/)တို့၏ တံတားချဉ်းကပ်ခုံများသည် ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေမြင့်တက်ခဲ့မှုတို့ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေပြန်လည်ကျဆင်းသွားပါက တံတားများ၏ ကြံ့ခိုင်မှုအား စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပေါ်ရှိ တံတားအမှတ်(/)သည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်မခမြစ်ရေ မြင့်တက်ခဲ့မှုတို့ကြောင့် ဇူလိုင်လ (၂၆) ရက်နေ့၊ ညနေပိုင်းက ပြိုကျပျက်စီးခဲ့သည့်နေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းသည် စိုက်ပျိုးရေးနှင့်မွေးမြူရေး၏ အဓိကကုန်ထုတ်လမ်းကြောင်းဖြစ်ခြင်းကြောင့် သံဘေလီတံတားအမြန်ဆုံး တပ်ဆင်ပေးနိုင်ရေးဆောင်ရွက်နေပြီး ဘေလီတံတားတပ်ဆင်နေစဉ်ကာလတွင် ကတို့ဆိပ်အား ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးစီမံဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စုနှင့် မင်းလှမြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စုတို့ရှိ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မိုးစပါးစိုက်ဧကများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကြိုတင်ဆောင်ရွက်ထားသည့် အရံပျိုးခင်းများမှ ပျိုးပင်များဖြင့် မိုးစပါးပြန်လည် စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တစ်နှစ်()သီးစိုက်နေရာများတွင် စိုက်ပျိုးရာသီချိန်မီစေရေးအတွက် သက်တမ်းတိုပြီး ပျိုးသက်ရင့်သည့် ပျိုးပင်များစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဒေသခံတောင်သူများအတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၌ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်သည့် မိုးစပါးစိုက်ဧကများအတွက် မြစ်ရေမြင့်တက်စဉ်ကာလတွင် ပျိုးဗန်းများဖြင့် ကြိုတင်ပျိုးထောင်ထားသည့် စပါးပျိုးခင်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧကများအတွက် ပြည့်စုံစွာပျိုးထောင်နိုင်ရေးလိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)