မက်မန်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခါင်စာရင်းကောက်ကြစို့ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မက်မန်း ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မက်မန်းမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပိုစတာများ လိုက်လံကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဩဂုတ်လ (၁၀) ရက်နေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့ပေါ်ရှိရပ်ကွက်များတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် သန်ခေါင်စာရင်းကောက်ယူသည့်ရည်ရွယ်ချက်၊ သန်ခေါင်စာရင်းထည့်ကောက်ရမည့်သူများ၊ သန်ခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်ခေါင်စာရင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်းများ၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုက် ပုံစံ (၁၀) စစ်ဆေးခြင်းမဟုက်ပါ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရမည့်အချက်များ၊ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရ၊ မေးခွန်းများကို မှန်ကန်စွာဖြေစိုခြင်းအားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်မည့်အချက်များ၊ Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူမည် စသည့်အကြောင်းအရာများ ပါဝင်ပါသည်။ ထို့အပြင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပိုစတာများကိုလည်း လူစည်ကားရာနေရာများနှင့် လူအသွားအလာများရာနေရာများ၌ လိုက်လံကပ်ပေးခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ပိုစတာများ လိုက်လံကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မက်မန်းမြို့  မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများက သွား‌ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)