မန်ကန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲအခမ်းအနား ကျင်းပ

မန်ကန် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ကျောင်းသားကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲတွင် မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ‌ဒေါ်အိဇာချိုက စာပေသည် ခက်ထန်သူအား ယဉ်ကျေးစေပြီး မသိသေးသည့် အကြောင်းအရာများကို သိရှိစေကြောင်း၊ ငယ်ရွယ်စဉ်အချိန်ကပင် စာပေးများဖတ်ရှုခြင်းဖြင့် အချိန်ကိုကောင်းစွာ အသုံးချသွားကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မန်ကန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အိဇာချို(မန်ကန်၊ ပြန်/ဆက်)