အလုံခရိုင် လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ

စမ်းချောင်း ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အလုံခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် ခရိုင်လူငယ်ရေးရာကော်မတီ၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ၀င်များ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲ ပထမဆုရရှိသော အလုံမြို့နယ်အသင်းကို အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော စမ်းချောင်းမြို့နယ်အသင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်ကလည်းကောင်း တတိယဆုရရှိသော ကြည့်မြင်တိုင်မြို့နယ်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းတို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)