တပ်ကုန်း ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဝါ၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူပညာပေး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းနှင့်တာဝန်ရှိသူများ၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်းက ဝါသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းဝါနှင့် ဝါဂွမ်းများရရှိရေးအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မျိုးငြိမ်းက ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး အဓိကလွှမ်းမိုးသောအချက်များနှင့် အကျိုးအမြတ်ရရှိနိုင်မှုအခြေအနေအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါက်တာခင်မျိုးဝင်းက ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် ထုတ်ဝေပြီး ဆီထွက်သီးနှံမျိုးများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်းက ဝါမျိုးစေ့အား အက်စစ်ဖြင့် အမွေးချွတ်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သရုပ်ပြ၍ ရရှိမည့်အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်နန်းပပဝင်းက နေကြာသီးနှံ အထူးအထွက်တိုးစေရန် ဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာစန္ဒာမိုးက အရည်အသွေးကောင်း အထွက်ကောင်း စပါးမျိုးသစ်များ အကြောင်းဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာ ချိုချိုအောင်က ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သော စပါးမျိုးများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသုတေသနဌာနစုမှ သုတေသနမှူး ဒေါက်တာမာမာဝင်းက ပဲမျိုးစုံသီးနှံအထွက်ကောင်း မျိုးများအကြောင်းဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာခင်က စပါးပင်၏ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ တီမွေးမြူခြင်းနှင့် တီကျစ်စာမြေဆွေးထုတ်လုပ်ခြင်းအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေစီမြင့်က မြေဆီလွှာကျန်းမာစေရန်နှင့် အထွက်နှုန်းတိုးတက်စေရန် ဘက်စုံအာဟာရစီမံခန့်ခွဲခြင်းအကြောင်း ဆွေးနွေးတင်ပြခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝေနိုင်က ပိုးသတ်ဆေးဓါတ်ကြွင်းအန္တရာယ်နှင့် လျှော့ချရေးနည်းလမ်းများ အကြောင်းအသိပညာပေးဆွေနွေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကောင်းစိုးစံက တိုင်းရင်းကြက်စီးပွားဖြစ်မွေးမြူရေးအကြောင်း ဆွေးနွေးတင်ပြခဲ့ပြီးနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်