တောင်ကြီး ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ပညာရေးစုံညီပွဲတော်အခမ်းအနားကို တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်၊ အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ၊ ဆိုကရေးတီးပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)