နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့မစည်ပင်သာယာရေး ဈေးကြီးအတွင်း/အပြင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရာတွင် မြို့မစည်ပင်သာယာရေးဈေးကြီးတွင် မီတာနှင့် ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု၊ မီးဘေးအန္တရာယ်ကျရောက်ခဲ့ပါက လျင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဘူးများထားရှိမှု၊ ဈေးအတွင်း တပ်ဆင်အသုံးပြုထားသည့် မီးသတ်စက်ရေတွင်း စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူ အသုံးပြုနိုင်ရေး မီးကပ်၊ မီးချိတ်၊ ရေစုကန်၊ ရေစင်၊ ရေငုတ်များအားကောင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးဆိုင်များတွင် အမွှေးတိုင်မီးများ၊ ခြင်ဆေးခွေများ အသုံးပြုမှု ရှိ/မရှိ၊ ဈေးဆိုင်ကြီးများအတွင်း မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင်ထားရှိမှု(လေပေါင်) ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာရေးဈေးကြီး အတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း