စစ်ကိုင်း ဇူလိုင် ၉
စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ရန်နိုင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလေးမောင်နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆောင်ရွက်ပေးနေမှုအား စစ်ကိုင်းခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)