ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား “လမင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များထုတ်ပေးခြင်းအခမ်းအနားကျင်းပ

ဓနုဖြူ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်လ ၈ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များကို လက်ဝယ်အရောက် စနစ်တကျထုတ်ပေးခဲ့ပြီး၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်