ဆိပ်ဖြူ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်သည့် အသက် (၁၀) နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်ပြားများ ပေးအပ်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက အမှာစကား တက်ရောက်ပြောကြားပေးပြီး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်အေးက လမင်းစီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်သည့်အခြေအနေများ၊ နိုင်ငံသားတစ်ဦး၏ ဆောင်ရန်/ ရှောင်ရန်အချက်အလက်များကို ရှင်လင်းတင်ပြပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလေးမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုတို့က ကျောင်းသား/ ကျောင်းသူ (၆၅၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်ပြာများကို အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များ ဆက်လက်ကောက်ယူမှုလုပ်ငန်းကို ကြည့်ရှု၍ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)