စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရှုပ်ထွေးနေသောဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ၀င်သော မြို့နယ်ဖယ်ရှားရှင်းလင်းရေးအဖွဲ့မှ ရှုပ်ထွေး‌နေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်ဆက်)