ပင်လောင်း ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နိမ့်ခမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆိုင်မွန်းနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းတို့က အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို အသင်းဝင် နန်းငြိမ်းငြိမ်းကလည်းကောင်း၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းများနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို အသင်းဝင် စိုင်းအူခမ်းကလည်းကောင်း ဖတ်ကြားသည်။
ထို့နောက် အသင်းအမှုဆောင်အဖွဲ့မှ တင်ပြသည့် အသင်းစည်းကမ်းပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နိမ့်ခမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းဥက္ကဋ္ဌ ဘဘာပတိ ဦးစောကိုကြည် မှ အသင်းသားများ၏ သဘောဆန္ဒများကို ရယူအတည်ပြုပြီး အစည်းအဝေးရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်