ပခုက္ကူ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်၊ ရက် (၁၀၀) စီမံချက်ဖြင့် သွင်းအားစုမြေသြဇာပိုးသတ်ဆေးများထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၉ ရက် နံနက် ၁၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက် ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က တောင်သူများ၏ စပါး/ဆီထွက်၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေးနှင့်အရည်အသွေး ကောင်းမွန်စေရေးရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်၊ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် သွင်းအားစု မြေသြဇာပိုးသတ်ဆေးများထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူ (၂၄) ဦး၏ စံပြကွက်စိုက်ဧရိယာ ၉၅ ဧကအတွက် ကွန်ပေါင်းမြေသြဇာ(၂၈) အိတ်၊ ကျောက်မှုန့်မြေသြဇာ (၁၀) အိတ်၊ ပိုးသတ်ဆေး (၅၀) ဗူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)