ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုမှ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀  နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အမှာစကားပြောကြားပြီး နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများကို သမဝါယမအသင်းသားများသို့ ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းအား မြို့နယ် သမဝါယမအသင်းစုမှ ကျေးရွာ ၄ ရွာ၊ အခြေခံသမဝါယမအသင်း ၄ သင်း၊ အသင်းသား ၆၀ ဦး၊ နွေစပါးဧက ၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီးကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)