ကြို့ပင်ကောက် ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်လွင်မျိုးကျာ်က လူကုန်ကူးမှုဖြစ်စဉ်ကိုယ်တွေ့ဖြစ်ရပ်များကို အသိပညာပေးဟောပြောခြင်း လူကုန်ကူးခံရခြင်းမှအများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ Social Media အသုံးပြုပြီး နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများကိုသတိပြုဆင်ခြင်နိုင်ရေး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပါအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြိုးဖြိုးညွန့်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြာင်း သိရသည်။
အဆိုပါအသိပညာပေး ဟောပြာပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြိုးဖြိုးညွန့်နှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)