မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မြောက်ဥက္ကလာပ ဇန်နဝါရီ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ ၄၈ မိနစ်အချိန်က (က)ရပ်ကွက်၊ မေယု()လမ်း၊ အမှတ်(၁၅၀)အကျယ်အဝန်း ၂၀ × ၆၀ ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း()ထပ် အဆောက်အအုံ အောက်ထပ် ၂၀ × ၈ ပေ နောက်ဖေးအဖီမီးဖိုချောင်တွင် ထမင်းချက်၍ မီးကြွင်းမီးကျန် ကျန်ပြီး အနီးရှိပလတ်စတစ်အမှိုက်ပုံးသို့ မီးကူးစက်၍  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်စခန်းမှူးဦးစီးအရာရှိ ဦးဇော်ရန်းအောင်ဦးဆောင်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်(၉၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး  မီးငြှိမ်းသတ်ယာဥ်(၁၀)စီး၊  ရေသယ်ယာဥ်()စီး၊ အထောက်အကူ ပြုယာဥ်()စီး၊ 191 ယာဥ်()စီး၊ ကွပ်ကဲမှုယာဥ်()စီးတို့ဖြင့် မီးငြှိမ်သတ်ခဲ့ရာ နံနက် ၉ နာရီ ၃ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း  သိရသည်။

 မီးလောင်မှုကြောင့် ၂၀ × ၆၀ ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း()ထပ်အဆောက်အအုံ  ၂၀ × ၈ ပေ မီးဖိုခန်း၊ ၂၀ × ၁၀ ပေ အပေါ်ထပ်အခန်း၊ ဘီဒို()လုံးနှင့် အတွင်းပစ္စည်းများ၂၀ × ၆၀ ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း()ထပ်အဆောက်အအုံ၏ ၁၀ × ၇ ပေ အပေါ်ထပ်အခန်း၊ အတွင်းပစ္စည်းနှင့်ဆောက်လုပ်ရေးသုံးပစ္စည်း (ဝရိန်ပုံး၊ ကျောက်စက် လွန်ဖောက်စက်များ)ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးကိုပေါ့ဆစွာ အသုံးပြုသူ အိမ်ငှားဖြစ်သူအား ဝေဘာဂီနယ်မြေရဲစခန်းမှ ()/၂၀၂၅/ ပုဒ်မ ၂၅၅ ဖြင့် အမှုဖွင့်အရေးထားကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)