ဖြူး ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(၁)၊ ဒိုင်းတရာ(၂)မူလွန်ကျောင်းရှိ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒိုင်းတရာ( ၁)မူလွန်ကျောင်း၊ဒိုင်းတရာ (၂)မူလွန်ကျောင်း (၂)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဖြူးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအကြောင်း ဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲ၊ သုံးဘီးမိုဘိုင်းလ်ယာဉ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)