မြိတ် ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များသည် ယမန်နေ့က ကျွန်းစုမြို့နယ် ရုံးဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မြို့နယ်ရုံးတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ကျွန်းစုမြို့နယ် ရုံးထမ်းများအား အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)က လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။ ထိုနောက် မြို့နယ်ရုံး ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းနှင့် ရုံးခြံစည်းရိုးမြေနေရာအတွက် အောက်ခံမြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ မြို့နယ်ရုံးခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းနှင့် ရုံးခြံစည်းရိုး မြေနေရာအတွက် အောက်ခံမြေသားပြုပြင်ခြင်းလုပ်ငန်း (၅၄၀) ပေကို (၂၀၂၄- ၂၀၂၅) ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၅၄.၅၅၀) သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)