မိတ္ထီလာ ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်းများကို ဝန်ဇင်းရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(၂)ရုံး စက်မှုအလုပ်ရုံအဆင့်(ခ) စက်မှု တိုင်း(၄) ရုံးတွင်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါရုံးမှ ဝန်ထမ်းများအား ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောသည်။ ထို့နောက် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်ဖြင့် လက်တွေ့လေ့ကျင့်ခြင်းများကို ၎င်းဝန်ထမ်းများနှင့်အတူ ခရိုင်မီးဦးစီးမှူးဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ