ရွှေတောင် ဇန်နဝါရီ ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကမ်းလက်စာပေအဖွဲ့ (Beacon)ကစီစဥ်သည့် "ခြယ်သူမဲ့အဖြူရောင်နှင့် ခွန်အားရှိသော ကမ်းလက်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နာယက ဆရာကြီးဦးအုန်းမောင်(မောင်အေးငြိမ်း-သရက်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ ရွှေတောင်မြို့နယ်အတွင်းရှိn ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ်းလက်စာပေအဖွဲ့ (Beacon)ကစီစဥ်သည့် "ခြယ်သူမဲ့အဖြူရောင်နှင့် ခွန်အားရှိသောကမ်းလက်များ" စာအုပ်မှ စာအုပ်ပါအကြောင်းအရာများကို ဦးဇော်မင်း(အငြိမ်းစား-ပညာရေး)၊ ဦးအုန်းမောင်(မောင်အေးငြိမ်း-သရက်)တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club အသင်းဝင်များမှ သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကိုမင်း (ပြန်/ဆက်)