အလုံ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် အလုံမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓသာသန့ာနုဂ္ဂဟဆွမ်းကြီးလောင်းအသင်းမှ ကြီးမှူးကျင်းပသော (၉၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးမွေးမှုအား ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ဝေဘာဂီလမ်းတွင် ကျင်းပခဲ့သည်။
ဆွမ်းကြီးလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးမွေးမှုအား မဏ္ဏပ် (၁၅) ခုပြုလုပ်ကာ အနယ်နယ်အရပ်ရပ်မှ ပင့်သံဃာ(၁၀၈) ပါးပင့်ဖိတ်၍ ဝေဘာဂီလမ်းတစ်လျှောက် ပြည်သူလူထုမှ ဆရာတော်များအား ဝထ္ထုငွေ (၁,၅၀၀) ကျပ်အား စုပေါင်းလှုဒါန်းခဲ့သည်။
အဆိုပါ ဆွမ်းကြီးလောင်းပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်၊ မြို့နယ်မှူး ရဲမှူး အောင်ကျော်ကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထု စုစုပေါင်း(၁၂၀၀)ဦးခန့် တက်ရောက်လောင်းလှူခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)