ဒိုက်ဦး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ်အသည်းရောင်အသားဝါဘီပိုးရှိမရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)