သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းမှအိမ်သို့ အစာအုပ်စု စုံစုံလင်လင်ဖြင့် အာဟာရပြည့်ဝစေမည့် နည်းလမ်းကောင်းများဖြန့်ဝေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက တကုန်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အ-မ-ကရသေ့ကုန်းကျောင်း၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 21,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု ရသေ့ကုန်းကျေးရွာရှိ အ-မ-က ရသေ့ကုန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ယနေ့ နံနက်ပိုင်းက နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ အ.ထ.က ရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ပန်းတနော်မြို့၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်သင်ကြား
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ဇန်နဝါရီလ(၆)ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို ယနေ့နံနက်ပိုင်း၌ ဆက်လက်လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပုသိမ်ကြီး မြို့မဈေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jan 21,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့မဈေးအတွင်း ယနေ့နံနက် ၁၀ နာရီခွဲက မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်း နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သန္ဓေ (၁၅) ဦး၊ အရန် (၆၀) ဦး၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jan 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နှဲကြိုးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း နှဲကြိုးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး
Jan 21,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်(၂)လမ်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဟိုခိုက်ကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးခွန်ထွန်းကျော်က ပြောကြားခဲ့သည်။