သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ အ.ထ.က ရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့် အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့၊ အ.ထ.ကသရက်ချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ကျောင်းသား/သူ မိဘများ တက်ရောက်ကြကာ အခမ်းအနားအား သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်းမှ ကျောင်းသား/ သူများက တို့ကျောင်းတော် သီချင်းဖြင့် သီဆို‌ဖျော်‌‌ဖြေကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား‌သော ဦးတည်ချက် (၉) ရပ်မှ လူမူရေးဦးတည်ချက်တွင် ပါဝင်သော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် အခြေခံပညာစာသင်ကျောင်းများမှ ဆရာ/ ဆရာမများရဲ့ ပဲ့ပြင်သွန်သင်ဆုံးမ ပြုစုပျိုးထောင်သင်ကြားပေးမှုများနဲ့ ဘက်စုံထူးချွန်တဲ့‌ ကျောင်းသား/ သူ၊ လူငယ်မောင်မယ်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါဘက်စုံထူးချွန်တဲ့ ကျောင်းသား/ သူများအား အခုလိုစုံညီပွဲတော်ကျင်းပပေးရခြင်းနှင့် ဘက်စုံပညာရည်ချွန်ဆုများ ပေးအပ်ခြင်းတို့ကို ပြုလုပ်ပြီး လူငယ်မောင်မယ်များရဲ့ ကြိုးစားအားထုတ်မှုအပေါင်းကို မြှင့်တင်ဆောင်ရွက်ပေးလျက် ဘက်စုံထူးချွန်သော ကျောင်းသား/ သူများကို အားကျစေဖို့အတွက် စုံညီပွဲတော်ရဲ့အနှစ်သာရနှင့်အတူ ဖော်ထုတ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခုအချိန်ခါတွင် ကျောင်းသား/သူ၊ လူငယ်မောင်မယ်များရဲ့ ဘက်စုံဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂတည်းဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ ဒီကနေ့ကျင်းပပြုလုပ်တဲ့ ပညာရေးစုံညီပွဲတော်နဲ့ ဘက်စုံပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲမှာ အလွန်တန်ဖိုးရှိလှတဲ့ ကျောင်းသား/ သူများ တွေ့ရပြီး၊ အရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်းများအဖြစ် ဆက်လက်ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်အတွင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသားမိဘများက ဝိုင်းဝန်း၍ အထောက်အကူပြု ဆောင်ရွက်ပေးကြလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက အခမ်းအနားသို့ တက်ရောက်လာကြသူများအား လမ်းညွှန်အမှာစကားပြောကြားခြင်းနှင့် သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက အခမ်းအနားသို့ တက်ရောက်လာသူများအား ဦးစွာကျေးဇူးတင်စကားပြောကြားခြင်းနှင့် ကျောင်းသား/ သူများ၏ လိုအပ်ချက်များနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုများအသီးသီးရရှိသော အခြေခံပညာ အ.ထ.က သရက်ချောင်းကျောင်းမှ ကျောင်းသား/ သူများအား ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး‌နောက် ကျောင်းသား/သူများက အနုပညာစွမ်းရည်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ရပ်မိ / ရပ်ဖများက ကြည့်ရှုအားပေးခဲ့ကြပြီးနောက် ကျောင်းသား/ သူများက အနာဂတ်များရဲ့လူရည်မွန် သီချင်းဖြင့် သီဆို‌ဖျော်ဖြေကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)