ပုသိမ်ကြီး မြို့မဈေး၌ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ပုသိမ်ကြီး ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့မဈေးအတွင်း ယနေ့နံနက် ၁၀ နာရီခွဲက မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဝေယံမင်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်း နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်းနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သန္ဓေ (၁၅) ဦး၊ အရန် (၆၀) ဦး၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့မဈေးတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မြို့မဈေးမြေပုံဖြင့် မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကာ ခရိုင်မီးသတ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့နောက် ဈေးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ဇာတ်တိုက်လေ့ကျင့်မှု အစီအစဥ် အားဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် မီးဘေးအန္တရာယ် အသိပညာပေးဘုတ် စိုက်ထူ၍ တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းဓာတ် ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဥ် (၈) စီး၊ လူနာတင်ယာဥ် (၁)စီး တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို